မန္တလေးတိုင်းရှိ အကျဉ်းထောင် ၅ ခုနှင့်အလုပ်စခန်း ၇ ခုတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား/အကျဥ်းသူ ၁၃၈၅ ဦးအားလွတ်ငြိမ်းခွင့်ပြု

0
286

၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၄ ရက်(ယနေ့)တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းရှိ အကျဥ်းထောင် ၅ ခုနှင့်အလုပ်စခန်း ၇ ခုတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား/အကျဥ်းသူ ၁၃၈၅ ဦးအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။

အဆိုပါ လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဥ်းသား/အကျဥ်းသူ ၁၃၈၅ ဦးအနက် မန္တလေးဗဟိုအကျဥ်းထောင်မှ အကျဥ်းသား/အကျဥ်းသူ ၆၇၆ ဦးလည်းပါဝင်ကြောင်း သိရသည်။

မန္တလေးဗဟိုအကျဥ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဥ်းသား/အကျဥ်းသူ ၆၇၆ ဦးအား မန္တ လေးတိုင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မန္တလေးတိုင်း၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်နှင့်အကျဉ်းဦးစီးဌာန မန္တလေးတိုင်း၊ ဦးစီးမှူးဦးချိုဝင်းထွန်းတို့ကတွေ့ဆုံ၍ ဆုံးမဩဝါဒစကားများပြောကြားခဲ့ကြသည်။

ထို့ပြင် လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသား/အကျဉ်းသူများအား အကျဉ်းထောင်တာဝန်ရှိသူများက ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအတွက် အပူချိန်တိုင်းခြင်း၊ကျန်းမာရေးစစ်ဆေးခြင်းတို့ကိုပြုလုပ်ပေးခဲ့ကြပြီး ခရီးစရိတ်ငွေများလည်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁)၊ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here