အမေရိကန်များအား အထင်ကြီးလေးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား

0
851

အမေရိကန်ဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချင်ဂန်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် မစ္စတာဝမ်ယိနေရာ၌ အစားထိုးခန့်အပ်ခံရပြီးနောက် ၎င်းအနေဖြင့် အမေရိကန်ပြည်သူများအပေါ် အထင်ကြီးလေးစားကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တွေ့ခဲ့ရတဲ့ အလုပ်ကြိုးစား၊ဖော်ရွေပြီး အရည်အချင်းရှိတဲ့ အမေရိကန်တွေအများကြီးကို အရမ်းသဘောကျမိပါတယ်” ဟု၎င်းကပြောကြားခဲ့ပြီး အမေရိကန်လူမျိုးမိတ်ဆွေများလည်းရှိကြောင်းပြောကြားခဲ့သည်။

“တရုတ် – အမေရိကန် ဆက်ဆံရေးတိုးတက်မှုကို ဆက်လက်ပံ့ပိုးပေးမည်” ဟု မစ္စတာချင်ကပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

တရုတ် – အမေရိကန်နှစ်နိုင်ငံကြားဆက်ဆံရေးသည် သမ္မတရှီနှင့် သမ္မတဘိုင်ဒင်တို့နှစ်ဦး တွေ့ဆုံ‌ဆွေးနွေးခဲ့ကြသည့် နိုဝင်ဘာလနောက်ပိုင်းမှစ၍ တိုးတက်မှုများရှိလာခဲ့သည်။

၂၀၂၃ ခုနှစ်ဆန်းပိုင်းတွင် သွားရောက်ရန်စီစဉ်ထားသည့် ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ တရုတ်နိုင်ငံခရီးစဉ်ကလည်း နှစ်နိုင်ငံဆက်ဆံရေးပြေလည်စေမည့် အရာတစ်ခုဖြစ်လာနိုင်သည်ဟုယူဆထားကြောင်းသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here