ကလောတွင် ခရီးသည်တင်ကားဖြင့်လိုက်ပါလာသူတစ်ဦးထံမှစိတ်ကြွဆေးပြား ၁၆၀,၀၀၀ ဖမ်းမိ

0
160

ရှမ်းပြည်နယ်၊ကလောမြို့နယ်၊ရေယားကျေးရွာအနီး၌ ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက ဖမ်းဆီးထားမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၈ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ကလောမြို့နယ်၊ရေယားကျေးရွာအနီးတွင် ကလောမြို့ဘက်မှသာစည်မြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားအားစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင်လိုက်လာသည့် ခရီးသည် ၀င်းဗို (၅၂)နှစ်တင်ဆောင်လာသည့် ဆာလာအိတ် အတွင်းမှ စိတ်ကြွဆေးပြား ၁၆၀၀၀၀ ပြားအားဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ကလောမြို့မရဲစခန်းက စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here