ပေါက်မြို့တွင် PDF အဖွဲ့ဝင်များက အသက်(၄) နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦးအားသတ်ဖြတ်ခဲ့ဟု နစက ထုတ်ပြန်

0
236

မကွေးတိုင်း၊ပေါက်မြို့တွင် PDF အဖွဲ့ဝင်များက ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ပေါက်-ပခုက္ကူသွားကားလမ်းပေါ်ရှိ ယောချောင်း၊ရေပြာတံတားအား တိုက်ခိုက်ဖျက်ဆီးရန်ပြုလုပ်ပြီး အသက်(၄) နှစ်အရွယ်ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသား၊အမျိုးသမီး ၇ ဦးအားသတ်ဖြတ်ခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၅ နာရီ ၄၀ မိနစ်ခန့်က PDF အဖွဲ့ဝင်များသည် ပေါက်မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀၀ ခန့်အကွာ ပေါက်-ပခုက္ကူသွားကားလမ်း၏ ယောချောင်း၊ရေပြာတံတားရှိ လုံခြုံရေးအဖွဲ့ဝင်များအား လက်နက်ကြီး/သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နံနက် ၇ နာရီ ၁၀ မိနစ်တွင် PDF အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများစွာဖြင့် တောင်ဘက်သို့ထွက်ပြေးသွားခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များက PDF အဖွဲ့ဝင်များ၏ ရုပ်အလောင်းများနှင့်လက်နက်/ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

PDF အဖွဲ့ဝင်များထွက်ပြေးစဥ် နဂါးဘွက် ကျေး ရွာမှ အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၅ ဦး(စုစုပေါင်း ၇ ဦး)တို့အား ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေလုံ ခြုံရေးအတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here