ရှီနှင့်မားကို့စ်ဂျူနီယာတို့ ​တွေ့

0
212

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့သ်ဂျူနီယာ တို့သည် ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် Great Hall of the People ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သမ္မတ ရှီကျင့်ဖျင်က ဒါဟာ အာဆီယံ ပြင်ပနိုင်ငံကို သမ္မတ မားကို့စ် ဂျူနီယာ ရဲ့ ပထမဆုံး တရားဝင် အလည်အပတ် ခရီးစဉ် ဖြစ်တယ်လို့ ပြောရင်းကြိုဆိုခဲ့သည်။ ၂၀၂၃ခုနှစ်သစ်တွင် တရုတ်နိုင်ငံသို့ပထမဆုံးလာ​ရောက်သော နိုင်ငံခြားခေါင်းဆောင်လည်းဖြစ်သည်။

လွန်ခဲ့သော လေးဆယ့်ရှစ်နှစ်က သမ္မတမားကို့စ် ဂျူနီယာ၏ဖခင်နှင့် တရုတ်မျိုးဆက်​ဟောင်းခေါင်းဆောင်များ၏ဆက်ဆံ​ရေးမှသည် ခေတ်ရေစီးကြောင်းအတိုင်း နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် ဆုံးဖြတ်ချက် ချခဲ့ကြသည်။

ရှီကျင့်ဖျင်က မားကို့စ်ဂျူနီယာ နှင့် ပုံမှန် မဟာဗျူဟာမြောက် ဆက်ဆံရေးတွင် ဆက်ရှိနေရန် အဆင်သင့်ရှိကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုအတွက် ဘက်စုံအစီအစဥ်များ ချမှတ်ကာ နှစ်နိုင်ငံ အိမ်နီးချင်းကောင်းများ အချင်းချင်း ကူညီခြင်း၊ မိတ်ဖက်ကောင်းများ ရရှိအောင် ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေ​ရေး၊ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပိုမိုပံ့ပိုးပေးခြင်းတို့လုပ်​ဆောင်မည်ဟုဆိုသည်။

ဖိလစ်ပိုင်ကလည်းတရုတ်တစ်နိုင်ငံတည်းမူဝါဒကို ​ထောက်ခံ​ကြောင်း​ပြောသည်။ ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ရေကြောင်းဆိုင်ရာပြဿနာများကို စနစ်တကျ ဆက်လက်ကိုင်တွယ်သွားရန် ဆန္ဒရှိသလို ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးဆိုင်ရာ ညှိနှိုင်းမှုများလည်း ပြန်လည်စတင်ရန် ဆန္ဒရှိနေသည်။

သမ္မတမားကို့စ်ဂျူနီယာက COVID-19 တိုက်ဖျက်ရေးအတွက် တန်ဖိုးရှိသော ပံ့ပိုးကူညီမှုများအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် သမ္မတနှစ်ဦးသည် Belt and Road ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ အခြေခံအဆောက်အဦ၊ ဘဏ္ဍာရေး၊ အကောက်ခွန်၊ e-commerce နှင့် ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းများကို ပူးတွဲလက်မှတ် ရေးထိုးခဲ့ကြသည်။

Ref:fmprc.gov.cn


LEAVE A REPLY

Please enter your comment!
Please enter your name here