အင်အားပြင်း “ဗုံးဆိုင်ကလုန်း”မုန်တိုင်း ကယ်လီဖိုးနီးယား ကမ်းရိုးတန်းသို့ ပြင်းထန်စွာ တိုက်ခိုက်

0
186

လေဖိအားနည်းရပ်ဝန်းအဖြစ်မှ ဆိုင်ကလုန်းမုန်တိုင်းတစ်ခုအဖြစ်သို့ လျှင်မြန်စွာပြောင်းလဲတိုက်ခတ်သော အင်အားပြင်း”ဗုံးဆိုင်ကလုန်း”မုန်တိုင်းတစ်ခုသည် ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းသို့ ဗုဒ္ဓဟူးနေ့ညက ဝင်ရောက်တိုက်ခတ်ခဲ့ကာ၊ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဝင်ရောက်လာစဉ် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းထန်စွာ တိုက်ခတ်ခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုမှသည် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ဟာရီကိန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး ပင်လယ်အော်ဧရိယာသို့ အပြင်းထန်ဆုံးမိုးနှင့် လေတို့တိုက်ခတ်ခဲ့သည်။ Nicasio Hills တွင် လေပြင်းတိုက်နှုန်း တစ်နာရီ ၈၅မိုင်နှုန်းနှင့် Los Gatos တွင် တစ်နာရီ ၇၇ မိုင်နှုန်းမျှရှိသည်။

အဆိုပါ “ဗုံးဆိုင်ကလုန်း”မုန်တိုင်းတိုက်ခတ်မှုကြောင့် ကယ်လီဖိုးနီးယားရှိ အိမ်များနှင့် စီးပွားရေးလုပ်ငန်းပေါင်း ၁၇၈,၀၀၀ ကျော်သည် ဗုဒ္ဓဟူးနေ့ညကတည်းကပင်လျှင် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး အများစုမှာ ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က ပြည်နယ်အနှံ့ အရေးပေါ် ကြေညာချက်ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းဒဏ်ခံရသူများအတွက် အကူအညီများ အမြန်ပေးနိုင်ရန်လည်း ကြိုးစားလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here