ယနေ့မွန်းတည်းပိုင်းက အင်းတော်မြို့အား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့် အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့

0
208

စစ်ကိုင်းတိုင်း၊အင်းတော်မြို့အား ဗဟိုပြု၍ ယနေ့မွန်းတည့်ပိုင်းက အင်အားရစ်(ခ်)တာစကေး ၄ ဒ သမ ၇ အဆင့် အင်အားအနည်းငယ်ရှိ ငလျင် လှုပ်ခပ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးခဲ့သည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၂၁ မိနစ် ၂၅ စက္ကန့်က ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင်ခန့်အကွာ အင်တော်မြို့၏ မြောက်-အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၃၃ ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒသမ ၀၉ ဒီဂရီ၊အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်ခဲ့သည်။

“ဟုတ်တယ်ဗျ အခုလေးတင်လှုပ်သွားတာ သိသိသာသာကြီးကိုလှုပ်တယ် ကျွန်တော်တို့အိမ်က ပျဉ်ထောင်အိမ်ဆိုတော့ အတော်သိသာတယ်။ အိမ်တွေပါယမ်းခါသွားတာ ပစ္စည်းတွေလည်းအောက်ပြုတ်ကျသွားတယ်”ဟု အင်းတော်မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ အတွင်းကလည်း မန္တလေးတိုင်းအတွင်း၌ အင်အားအနည်းငယ်နှင့်အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခပ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here