အလုပ်သမား ၁၈,၀၀၀ ကျော်အလုပ်ဖြုတ်မည်ဟု အမေဇုန်စီအီးအိုပြောကြား

0
249

အမေဇုန်က လုပ်သား ၁၈,၀၀၀ ကျော်အား လုပ်သားအင်အားလျှော့ချသည့်အနေဖြင့် အလုပ်ဖြုတ်သွားမည်ဖြစ်ကြောင်း စီအီးအို အန်ဒီ‌ဂျာစီက တရားဝင်ကြေငြာခဲ့သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင်စတင်မည့် အဆိုပါဝန်ထမ်းလျှော့ချရေးဆုံးဖြတ်ချက်သည် ကုမ္ပဏီ၏ e-commerce နှင့် လူ့စွမ်းအားအရင်းအမြစ်အဖွဲ့အစည်းများကို ကြီးမားစွာ သက်ရောက်မှုရှိစေမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

အမေဇုန်၌ ဂိုဒေါင်ဝန်ထမ်းများအပါအဝင် အလုပ်သမား ၁ ဒသမ ၅ သန်းကျော်ရှိပြီး Walmart ပြီးနောက် အမေရိက၏ဒုတိယအကြီးဆုံး ပုဂ္ဂလိက လုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။

မူလက လူဦးရေ ၁၀,၀၀၀ အထိသာလျှော့ချရန်ရည်မှန်းထားသော်လည်း နောက်ဆုံးအကြိမ်ဆုံးဖြတ်ချက်၌မူ လူပေါင်း ၁၈,၀၀၀ အထိလျှော့ချတော့မည်ဖြစ်ပြီး ယင်းသို့လျှော့ချမှုအတွက် လျော်ကြေးငွေပေးမည်ဖြစ်ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အယ်လ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here