မုံရွာမြို့ရှိ အင်းစပ်အတွင်း စွန့်ပစ်ထားသောမွေးကင်းစကလေးအလောင်းတွေ့ရှိ

0
154

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အင်းစပ်တစ်ခု၌ စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်အလောင်း(၁)လောင်းကို ယနေ့ (ဇန်နဝါရီလ ၅ ရက်) နေ့လည်ပိုင်းက တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ) ထံမှ သိရသည်။

ယနေ့ (ဇန်နဝါရီလ ၅ ရက်) နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မုံရွာမြို့၊ ကားလေးကွင်းအနီးရှိ ထန်းတောအင်းအတွင်း၌ မွေးကင်းစကလေးငယ်၏အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“ကလေးက မွေးကင်းစအရွယ်လေးပဲရှိတယ်။ ယောင်္ကျားလေးပါ။ ငါးဖမ်းသမားတွေက တွေ့လို့ အကြောင်းကြားလာတဲ့အတွက် ကူညီပေးခဲ့တာပါ၊ တခြားအကြောင်းအရာတော့ မသိရသေးပါဘူး” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)မှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

ကလေးငယ်တွင် ရေနစ်မှုကြောင့် ဖြစ်ပေါ်သော လက္ခဏာအားတွေ့ရပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့) က ကလေးငယ်၏ အလောင်းအား ဆယ်ယူကာ မုံရွာဆေးရုံကြီးမှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here