ယူကရိန်းကိုတိုက်ခိုက်နေသည့် ရုရှားဒရုန်းများအတွင်းမှ အဓိကနည်းပညာမှာ အမေရိကန်နှင့် ဥရောပနည်းပညာများဖြစ်နေ

0
333

ရုရှားသည် အနောက်နိုင်ငံတို့မှ နည်းပညာများကို အဓိကအသုံးပြုတည်ဆောက်ထားသည့် ဒရုန်းများဖြင့် ယူကရိန်းကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ယူကရိန်း ဒရုန်းကျွမ်းကျင်သူများကဆိုသည်။

အဆိုပါ ဒရုန်းများသည် ရုရှားနှင့် အီရန်တို့မှ ဒရုန်းများဖြစ်ကြသော်လည်း အတွင်းမှ အဓိကနည်းပညာမှာ အမေရိကန်နှင့် ဥရောပ နည်းပညာများဖြစ်ကြသည်။

ရုရှားတို့ထံမှ ပစ်ချနိုင်ခဲ့သည့် Orlan 10 ဒရုန်းအတွင်းတွင် ဆွစ်ဇာလန်နိုင်ငံလုပ် နည်းပညာနှင့် ချစ်ပ်စ်များကိုတွေ့ရသည်။ “အဲဒီနည်းပညာက ကောင်းကင်ပေါ်မှာ လှည့်ပတ်ပျံသန်းနိုင်ဖို့ပဲ။ အဲဒါမပါရင် ဒရုန်းက ဘယ်ကိုပျံရမှန်းသိမှာမဟုတ်တော့ဘူး”ဟု ယူကရိန်း ဒရုန်းကျွမ်းကျင်သူ Pavlo Kaschuk ကပြောသည်။

ပြီးခဲ့သည့် ၄ လအတွင်း ယူကရိန်းတို့က ပစ်ချနိုင်ခဲ့သည့် ရုရှားနှင့် အီရန်လုပ် ဒရုန်းအချို့တွင်လည်း အမေရိကန် နည်းပညာကုမ္ပဏီများဖြစ်ကြသည့် Maxim နှင့် Microchip တို့မှ ထုတ်လုပ်သည့် အစိတ်အပိုင်းများကိုတွေ့ရကြောင်း ယူကရိန်းအစိုးရက CNS သတင်းဌာနမှ ထုတ်လွှင့်ချက်တွင် သက်သေပြခဲ့သည်။

သို့ရာတွင် ရုရှားရော ယူကရိန်း နှစ်နိုင်ငံစလုံးမှာမူ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဆိုဗီယက်တပ်မတော်မှ တီထွင်၍ အာကာသအတွင်းလွှတ်တင်ခဲ့ပြီး၊ ယခုထက်တိုင် ကောင်းစွာအလုပ်လုပ်လျှက်ရှိသေးသည့် ရုရှား ဂြိုဟ်တု ၂၂ လုံးကိုအသုံးပြုသော GPS စနစ်ကိုသာ အခြေခံ၍ ဒရုန်းများကို ပျံသန်းနေကြခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here