မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြား ခရီးသွားဧည့်သည်များပိုမိုလာရောက်နိုင်ရန် လေကြောင်းပျံသန်းမှုအကြိမ်ရေတိုးမြှင့်ရန်ဆွေးနွေး

0
177

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်နှင့်မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်မှထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump အား ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ထိုင်းနိုင်ငံသံအမတ်ကြီးက ကိုဗစ်အ လွန်ကာလတွင် နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာတိုးမြှင့်လုပ်ဆောင်နိုင်ရန်၊ မြန်မာနိုင်ငံသို့ ထိုင်းခရီးသွားဧည့်သည်များလာရောက်ရာတွင် ကျန်းမာရေးအာမခံဝယ် ယူထားရှိရေးနှင့်အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရန်တို့အား ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှ အသေးစား၊အငယ်စားနှင့အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအကောင်အထည်ဖော်ရာတွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ကူးသန်းရောင်းဝယ် ရေးနှင့်ခရီးသွားပြပွဲများ၊ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သောကဏ္ဍများတွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့်တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်ကလည်း မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြား လေ ကြောင်းပျံသန်းမှုများရှိသော်လည်း ခရီးသွားဧည့် သည်များ ပိုမိုလာရောက်နိုင်ရန် ပျံသန်းမှုအကြိမ်ရေတိုးမြှင့်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ပခရီးသွားဧည့်သည်များဝင်ရောက်ရာတွင် ကျန်းမာရေးအာမခံဝယ်ယူရေးအဆင်ပြေချော မွေ့မှုရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူး ပေါင်းဆောင်ရွက်ရေး၊နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာများတွင် ဝန်ကြီးဌာနအနေနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံမှခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေး၊ထိုင်းစီးပွားရေးလုပ်ကိုင်သူများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးကို နှစ်နိုင်ငံကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင် ရွက်သွားမည့်များကိုလည်း ပြည်ထောင်စုဝန်ကြီးကဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here