တာချီလိတ်မြို့တွင် ၃ ထပ်တိုက်ပေါ်မှ အမျိုး သားတစ်ဦးပြုတ်ကျ၍ ထိခိုက်ဒဏ်ရာများရရှိ

0
137

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊တာချီလိတ်တော်ကော့ပြင်ရပ်ကွက်တွင် ဇန်နဝါရီ ၆ ရက်(ယနေ့) နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ်ခန့်က တာချီလိတ်မြို့၊တာချီလိတ်တော်ကော့ပြင်ရပ်ကွက်နေ စိုင်းရှဲန်ဖ(၂၂)နှစ်သည် ၃ ထပ်တိုက်ပေါ်မှပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။

“မတော်တဆပြုတ်ကျသွားတာပါ အချိန်မီပြုစုပေးပြီး ဆေးရုံကိုချက်ခြင်းပို့ဆောင်ပေးခဲ့ပါတယ် “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်တွင် စိုင်းရှဲန်ဖ၏ ဦးခေါင်းနှင့်မေးရိုးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီး တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here