မြန်မာ-နီပေါနှစ်နိုင်ငံ ဗုဒ္ဓတက္ကသိုလ်များကြား ဗုဒ္ဓ ဘာသာဆိုင်ရာကိစ္စများကို အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

0
101

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုနှင့်မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးကိုကိုမှ မြန်မာနိုင်ငံဆိုင် ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ဇန်နဝါရီ ၅ ရက်နံနက် ၁၀ နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်နီပေါနိုင်ငံ နှစ်နိုင်ငံဗုဒ္ဓတက္ကသိုလ်များကြား ဗုဒ္ဓဘာသာဆိုင်ရာကိစ္စများကို အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်၊ လုမ္ဗိနီ -ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရာ၌ ပူးပေါင်းဆောင် ရွက်ရန်၊ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေးဆိုင်ရာ အနုပညာဖျော်ဖြေရေးအဖွဲ့များ အပြန်အလှန်စေ လွှတ်ရန်နှင့်ရှေးဟောင်းသုတေသနဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရန်တို့အား ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ဒု-ဝန်ကြီးများ၊ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here