မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးတွင် မော်တော်ယာဥ်တစ်စီး ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်၊ ယာဉ်ခေါင်းခန်းတွင် ညပ်နေသော ယာဉ်မောင်းအား ကယ်တင်နိုင်ခဲ့

0
187

ရှမ်းပြည်နယ်၊မူဆယ်မြို့နယ်ရှိ မူဆယ်-လားရှိုးသွားပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၆ ရက်(ယနေ့) နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်း ၅ နာရီခန့်က မူဆယ်မြို့နယ်၊နမ့်ခွမ်ကျေးရွာအနီးရှိ မူဆယ်-လားရှိုးသွားပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၇၉/၄ လက်ပံပင်ကွေ့တွင် AJ Dong Feng ၂၂ ဘီး(အနီရောင်)ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်တွင် ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်းညှပ်နေသဖြင့် မူဆယ်ခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ကူညီကယ်ဆယ်ခဲ့ကြသဖြင့် ကားမောင်းသူအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် မြင့်မြတ်ပါရမီလူမှုကူညီရေးအသင်းမှ မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ကားခေါင်းခန်းထဲမှာညှပ်နေတဲ့ ကားမောင်းတဲ့လူကို ၁ နာရီနီးပါးလောက်ကြာအောင်ကယ်ထုတ်ခဲ့ရတယ်၊ ဒဏ်ရာတွေရထားတဲ့အတွက် အသက်ကယ်နိုင်ဖို့ အမြန်ဆုံးကူညီပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here