သိင်္ဂုတ္တရ ပဗ္ဗတဟု မြတ်လှထိပ်ခေါင် မြေဥသျှောင်ဟု ရွှေတောင်တော်မှီ၊ အဦးတည်၍ သရီရဓာတ် ဆံတော်မြတ်၏ ကိန်းဝပ်တော်မူ အံ့ဖွယ်ဟူ၏။
လေးဆူဓါတ်ပုံ မင်းပေါင်းစုံ၍ ကြည်ယုံထပ်ထပ် မွမ်းမံအပ်၏။
ရိုညွှတ်ထူးကဲ ဖူးမစဲနှင့် ဖူးလဲမဝ အံ့ဖွယ်ပြ၏။ဝေးကထင်ထင် ပင်လယ်ပြင်မှ ဖူးမြင်ကြရ အံ့သြလှ၏။
မြန်မာ့ကျက်သရေ ကမ္ဘာ့မြေ၌ ဝိသေသမှတ် ဌာနမြတ်ဟု လွှမ်းပတ် တင့်ကြွား အံ့ကိုးပါးဖြင့် ထင်ရှားပေလတ် တိဂုံမြတ်ကို ဦးညွတ်ရိုကျိုး ကျွန်ရှိခိုးသည် ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။