ငါန်းဇွန်မြို့နယ်တွင် လုံခြုံရေးအဖွဲ့ဝင်များနှင့်လက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

0
449

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊စီကောင်းကျေးရွာတွင် ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက လုံခြုံရေးအဖွဲ့ဝင်များနှင့်လက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခွဲခန့်က ငါန်းဇွန်မြို့နယ်၊စီကောင်းကျေးရွာတွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဥ်တစ်ခုနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ ​ရောက်ရှိနေသည့် လုံခြုံရေးအဖွဲ့ဝင်များအား လက်နက်ကိုင်အဖွဲ့ဝင် ၂၀ ဦးခန့်က လက်လုပ်ဆွဲမိုင်း၊လက်လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့သူ့အမျိုးသမီး အသတ်ခံရတဲ့ဖြစ်စဥ်ကို လုံခြုံရေးအဖွဲ့ဝင်တွေက စစ်ဆေးရေးလုပ်နေတဲ့အချိန်ဖြစ်တာပါ”ဟု လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အပြန်အလှန်ပစ်ခတ်ပြီး လက်နက်ကိုင်အဖွဲ့ဝင်များထွက်ပြေးသွားပြီး​နောက် လက်လုပ်မိုင်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here