သထုံမြို့နယ်တွင် အဝေးပြေးခရီးသည်တင်ကား မိုင်းဆွဲ၍သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ 

0
293

မွန်ပြည်နယ်၊သထုံမြို့နယ်၊ဒုံဝန်းကျေးရွာအုပ်စု၊ကမာစိုင်ကျေးရွာအနီးတွင် ဇန်နဝါရီ ၅ ရက်ညပိုင်းက အဝေးပြေးခရီးသည်တင်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေနတ်ဖြင့်လည်းပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၁၀ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များသည် ရန်ကုန်မြို့ဘက်မှသထုံမြို့ဘက်သို့ မောင်းနှင်လာသည့် “သီဟမင်း”ခရီး သည်တင်ယာဥ်လိုင်းမှ ခရီးသည်တင်ကားအား ကမာစိုင်ကျေး ရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

ထို့နောက် သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့သဖြင့် ခရီးသည်တင်ကားမောင်းသူ၏ ညာဘက်မျက် လုံးတွင် မိုင်းစထိမှန်ဒဏ်ရာ၊ခရီးသည်တင်ယာဥ်နောက်လိုက်တွင် ညာဘက်ပါးပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကားမောင်းသူနှင့်ယာဥ်နောက်လိုက်တို့အား လုံခြုံရေးအဖွဲ့ဝင်များက သထုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကားပေါ်မှာ ခရီးသည်တွေပါ၊မပါဆိုတာကတော့ ကျွန်တော်တို့လည်း မသိဘူးဗျ ။အခင်းဖြစ်စဥ်ကိုသိလိုက်တယ် လူနာရှိရင်ကူညီပြီးသယ်ပေးလို့ရအောင် သတင်းကြားတာနဲ့ လူနာတင်ကားတွေကိုအဆင်သင့်ပြင်ပြီးစောင့်နေတယ်။ ဖုန်းဆက်ခေါ်တာတော့မရှိပါဘူး ။ကြားရသလောက်ဆိုရင် ကားမောင်းတဲ့လူနဲ့စပယ်ယာပဲဒဏ်ရာရသွားတယ်”ဟု သထုံမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်၊

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here