ရွှေမုဌောဘုရားအောက် ဧရာဝတီမြစ်အတွင်းသို့ အမျိုးသမီးတစ်ဦး ရေထဲခုန်ချမှုဖြစ်စဥ် ရှာဖွေနေဆဲဟုဆို

0
172

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို ရွှေမုဌောဘုရားအောက်ရှိ ဧရာဝတီမြစ်အတွင်းသို့ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်၌ အမျိုးသမီးတစ်ဦးခုန်ချမှုဖြစ်စဉ် တစ်ခုအတွက် ရှာဖွေနေဆဲဖြစ်ကြောင်း ပခုက္ကူမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” ကျွန်တော်တို့ကို အကြောင်းကြားလို့မီးသတ်တပ်ဖွဲ့နဲ့ကျွန်တော်တို့ သွားတယ်။
ဆွဲခြင်းတစ်လုံးနဲ့ဖိနပ်လေးတစ်ရံချွတ်ထားတွေရတယ်။ ရှာဖွေနေဆဲပါ အခုထိကိုမတွေ့ရသေးပါဘူး။ ဆက်‌ရှာဖွေရမှာပါ။”ဟု ဆိုသည်။

လက်ရှိတွင်‌ အမျိုးသမီးခုန်ချသည်ဆိုသောနေရာရှိ ဧရာဝတီမြစ်ရေမှာ ရေစီးသန်ခြင်းမျိုးမရှိသကဲ့သို့ ရေနက်ပိုင်းလည်းမဟုတ်ခြင်းကြောင့် အမှန်တကယ်ခုန်ချသွားသည်ဆိုပါက တွေ့ရှိရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

ထို့အပြင် ခုန်ချသည်ဆိုသောအမျိုးသမီးအလောင်းအား ပြန်လည်တွေ့ရှိမှသာ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်နိုင်မည်ဖြစ်ပြီး၊ လက်ရှိအခြေအနေအရ ဆက်လက်ရှာဖွေနေဆဲသာဖြစ်ကြောင်း ဆိုသည်။

လက်ရှိအချိန်အထိ ခုန်ချခဲ့သောအမျိုးသမီးမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း စုံစမ်း၍မရရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here