ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အရှေ့ဒဂုံစက်မှုဇုန်ရှိ သတ္တုအရည်ကြိုစက်ရုံ၌ သတ္တုဘလောက်တုံးဖြတ်တောက်စဥ်ပေါက်ကွဲ၍ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

0
305

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အရှေ့ဒဂုံစက်မှုဇုန်၊ဖန်ချက်ဝန်ဦးညွှန့်လမ်းရှိ သတ္တုအရည်ကြိုစက်ရုံ၌ ဇန်နဝါရီ ၆ ရက်(ယနေ့)နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က ဒဂုံမြိုသစ်(အရှေ့ပိုင်း) မြို့နယ်၊ ၁၁၁ ရပ်ကွက်ရှိ အရှေ့ဒဂုံစက်မှုဇုန်၏ သတ္တုအရည်ကြိုစက်ရုံ၌ သတ္တုဘလောက်တုံးအားဖြတ်တောက်စဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြတ်နေတဲ့ သတ္တုဘလောက်တုံးထဲမှာ ဂတ်စ်ဘူးပါတာကိုမသိဘဲဖြတ်လိုက်တဲ့အတွက် ပေါက်ကွဲသွားတာလို့တော့ တာဝန်ရှိသူတွေကစစ်ဆေးချက်ရှိထားတယ် အတိအကျကိုတော့ကျွန်တော်တို့လည်းမသိဘူး ထုံဟုန်သတ္တုအရည်ကြိုစက်ရုံမှာဖြစ်သွားတာပါ”ဟု ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် စက်ရုံအလုပ်သမားများဖြစ်သည့် ကိုသက်မျိုး(၃၃)နှစ်မှာ မျက်နှာ၊ရင်ဘတ်၊ညာလက်နှင့်ညာခြေသလုံးတို့၌ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးအောင်ကျော်သူ(၄၅)နှစ်တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူတို့အား လူမှုကူညီရေးအသင်းကားများဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်၊

ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များမှလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here