၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေး ချယ်ရန် စာအုပ် ၈ မျိုးအားလက်ခံရရှိ

0
392

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရန် စာအုပ်များအားလက်ခံလျက်ရှိရာ ဇန်နဝါရီ ၆ ရက်(ယနေ့)တွင် စာအုပ် ၈ မျိုးအား လက်ခံရရှိခဲ့ကြောင်း သိရသည်။

စာရေးဆရာ အောင်ကြည်ညွှန့်(တက္ကသိုလ်)၏ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဆောင်းပါးများ”၊ စာရေး ဆရာ သန်းစိုးအောင်၏ “လူငယ်တွေအောင်မြင်ဖို့ဆိုလျှင်”၊ စာရေးဆရာ ဦးတိုး (တက္ကသီလ)၏ “ဘ ဝတစ်ဆစ်ချိုး ပျိုးခင်းရသကဗျာများ”၊ စာရေး ဆရာ မျိုးချစ်၏ “ရှင်သန်ခြင်းအက်ဆေး” စာအုပ်များအား လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စာရေးဆရာ ကိုလေး(စစ်တက္ကသိုလ်)၏ “မွေးမေ့ရင်ခွင် ပြန်ရောက်လာသည့် နန်းစဥ် ပတ္တ မြား ငမောက်”၊ စာရေးဆရာ မြခြူးအိမ်၏ “တောင်တန်းပြာသို့အလွမ်း”နှင့် “အိမ်မက်လွန်နယ်မြေ”၊ စာရေးဆရာ ချစ်ဆွေမြင့်၏ “သီသီနှင့်ကြည်ကြည်”နှင့်အခြားစာစုများ စာအုပ်တို့ကိုလည်း လက်ခံရရှိထားကြောင်း သိရသည်။

စာအုပ်များလက်ခံရာ၌ ၂၀၂၂ ခုနှစ်အတွင်း ပထ မအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များအား စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ပေးပို့ရန် စာရေးသူ၊ပုံနှိပ်သူ၊ထုတ်ဝေဖြန့်ချိသူများအား နှိုးဆော်ထားသည်။

ထိုသို့ နှိုးဆော်အသိပေးခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များအား တစ်မျိုးလျှင် ၄ အုပ်စီဖြင့်လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားခြင်း၊ ppd Web Site တွင်သတင်းထုတ်ပြန်ခြင်း၊ရရှိလာသည့်စာအုပ်များကို အမျိုးသားစာပေဆုရွေးချယ်ရေးအတွက် သတ်မှတ်ထားသောဘာသာရပ် ၁၉ မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here