လန်ဒန်၊ဇန်နဝါရီ ၆
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီသည် အာဖဂန်နစ္စတန်၌ အပါချေ ရဟတ်ယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း လူ ၂၅ ဦးသတ်ခဲ့ကြောင်း မကြာမီထုတ်ဝေမည့် ၎င်း၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၌ ရေးသားဖော်ပြထားသည်ကိုကိုးကား၍ မီဒီယာများကဖော်ပြခဲ့သည်။
အသက် ၃၈ နှစ်အရွယ်ရှိ ဆပ်ဆက်စ် မြို့စား မင်းသားဟယ်ရီသည် တာလီဘန်၌ နှစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့သည်ဟုဆိုသည်။နောက်အပတ်ထွက်မည့် Spare စာအုပ်၌ ၎င်းသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်မှူးအဖြစ် မစ်ရှင်ခြောက်ခု၌ တာဝန် ထမ်းဆောင်ခဲ့သည်ဟု ဒေးလီး တယ်လီဂရပ်ဖ် ကဖော်ပြခဲ့သည်။
ယင်းသို့ လူသတ်ခဲ့ရသည့်အတွက် ဂုဏ်လဲမယူသလို ရှက်လဲမရှက်ပါဟုပြောကြားခဲ့ပြီး ၎င်းအနေဖြင့်ပစ်မှတ်အားရှင်းလင်းခြင်းသည် စစ်တုရင်ခုံပေါ်မှစစ်တုရင်ရုပ်များအားဖယ်ရှားခြင်းကဲ့သို့ပင်ဖြစ်သည်ဟုဆိုသည်။
မင်းသားဟယ်ရီသည် ဗြိတိသျှစစ်တပ်တွင် ၁၀ နှစ်ကြာအမှုထမ်းခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ဗိုလ်ကြီးအဆင့်ထိရောက်လာခဲ့သူလည်းဖြစ်သည်။
Source : အေအက်ဖ်ပီ