ရန်ကုန်တိုင်းအတွင်းရှိ CNG ဆိုင်များ အချိန်တိုးမြှင့်ကာ ရောင်းချပေးသွားမည်ဟုဆို

0
196

ရန်ကုန်တိုင်းအတွင်းရှိ CNG ဓာတ်ငွေ့အရောင်းဆိုင်များကို အချိန်တိုးမြှင့်ကာ ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်နေကြောင်း သိရသည်။

ယင်းသို့ စီစဉ်ရခြင်းမှာ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် CNG ဓာတ်ငွေ့သုံး YBS ယာဉ်များ၊ အငှားယာဉ်များအပါအဝင် အခြား CNG အသုံးပြု မောင်းနှင်ရသည့်မော်တော်ယာဉ်များ ဓာတ်ငွေ့ရရှိမှု အဆင်ပြေစေရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ CNG ဓာတ်ငွေ့အရောင်းဆိုင်များကို နေ့စဉ် နံနက် (၅) နာရီမှ ည(၁၀) နာရီအထိ အချိန် (၁) နာရီတိုးမြှင့်ကာ ဖွင့်လှစ်ရောင်းချပေးသွားရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

” ကြားတော့ ကြားတယ်။ သေချာတော့ မသိသေးဘူး။ ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်။မဟုတ်ရင် အရမ်းဒုက္ခရောက်တယ်။ အချိန်လုပြီးတန်းစီနေရတာလေ။ နောက်ကျသွားရင် နောက်နေ့ ထွက်ဖို့ အစောကြီးထ တန်းစီရပြန်ပြီ။ ဓာတ်ငွေ့ မလောက်တာနဲ့ ဘာနဲ့ အရမ်း ဒုက္ခရောက်တယ် ။အခုလို အချိန်ထပ်တိုးလိုက်တော့ နည်းနည်းတော့ အသ က်ရှူချောင်တာပေါ့” ဟု ရွှေပြည်သာ မြို့နယ်မှ သခ င်မြပန်းခြံသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းတစ်ခုမှ ယာဉ် မောင်း တစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင် CNG အရောင်းဆိုင် (၄၁) ရှိသည့်အနက် ဆိုင် (၄၀)ကို နံနက် (၅) နာရီမှ ည (၁၀) နာရီအထိ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။ဂက်စ် ရှိတဲ့အပေါ်မူတည်ပြီး ရရင်ရသလောက်ရောင်းပေး​ကြောင်းလည်းသိရသည်။

လက်ရှိတွင် အဆိုပါသတင်းမှာ ပြင်ပတွင်သာ ထွက်ပေါ်နေခြင်းဖြစ်ပြီး တရားဝင် ညွှန်ကြားချက်မရောက်လာသေးကြောင်း ရန်ကုန်မြို့ရှိ CNG အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသ ည်။

” အဲဒါ ကျွန်တော်တို့ဆီ ညွှန်ကြားချက်မလာသေးဘူး။ ရုံးက စာမထုတ်သေးဘူး။ ကျွန်တော်တို့က ဒီမှာ အဆင်ပြေအောင်သာ ထည့်ပေးတာရှိတယ်။ စာနဲ့ ထုတ်ပြီး ဘယ်အချိန်ထိ ထည့်ပေးပါဆိုတာမျိုးက မရှိသေးဘူး။ သူတို့ရောင်းခိုင်းရင်တော့ ကျွန်တော်တို့က​ရောင်းပေးရမှာပဲ ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း၌ ဖွင့်လှစ်ရောင်းချလျှက်ရှိသည့် CNG အရောင်းဆိုင်များမှာ နေ့စဉ် CNG ဓာတ်ငွေ့ ကုဗပေ ၁၈ သန်းကျော် ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။
Photo -MRTV


LEAVE A REPLY

Please enter your comment!
Please enter your name here