ကမ္ဘောဒီးယားက တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားများပြန်လည်ဝင်ရောက်လာမှုကို ကြိုဆိုရန်အသင့်ရှိဟုဆို

0
185

ဖနွမ်းပင်၊ဇန်နဝါရီ ၆

ကမ္ဘောဒီးယားခရီးသွားဝန်ကြီးဌာနက တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားများပြန်ဝင်ရောက်လာမှုအား ကြိုဆိုရန်အဆင်သင့်ဖြစ်နေပြီဟုပြောကြားခဲ့ပြီး ၎င်းတို့သည်ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်းပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားသည် တရုတ်ခရီးသွားများအပြင် အခြားနိုင်ငံတကာ ခရီးသွားများကိုပါကြိုဆိုပါတယ်” ဟု ဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။  

“တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားဧည့်သည်များသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့် ကမ္ဘောဒီးယား လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါသည်” ဟုလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

တရုတ်နိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များ၏ အရင်းအမြစ်တစ်ခုဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်များကို ဇန်နဝါရီ ၈ ရက်က ပြန်ဖွင့်လိုက်ခြင်းသည် နိုင်ငံတိုင်းရှိ ခရီးသွားကဏ္ဍအတွက် ကြီးမားသောတိုးတက်မှုကို ပေးစွမ်းနိုင်သည်ဟု ကြေညာချက်တွင်ထည့်သွင်းဖော်ပြထားသည်။

၂၀၂၃ ခုနှစ်သည် ကမ္ဘောဒီးယားနှင့်တရုတ်ကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၆၅ နှစ်မြောက်ဖြစ်သောကြောင့် ခရီးသွားဝန်ကြီးဌာနသည် ယခုနှစ်တွင် တရုတ်ခရီးသွားများကမ္ဘောဒီးယားသို့လာရန် “ကမ္ဘောဒီးယား-တရုတ် မိတ်ဆွေများ” ခေါင်းစဉ်ဖြင့် လှုပ်ရှားမှုတစ်ခု ကိုစတင်တော့မည်ဖြစ်ကြောင်းလည်းသိရသည်။

Source : ဆင်ဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here