၂ ရက်တာဆွေးနွေးမှုများမှ နှစ်ဖက်သဘောထားများကို သဘောတူလက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော်၏ NSPNC နှင့် UWSP , NDAA , SSPP တို့ဆွေးနွေး

0
236

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စား လှယ်အဖွဲ့တို့ ဇန်နဝါရီ ၆ ရက်နံနက်ပိုင်းက ဒုတိယနေ့အဖြစ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌မပြီးပြတ်သေးသည့်ကိစ္စများနှင့်ဒေသဖွံ့ဖြိုးရေး၊ပညာရေး၊ကျန်းမာရေးနှင့်အထွေထွေကိစ္စများ၊ ၂ ရက်တာဆွေးနွေးမှုများမှ နှစ်ဖက်သဘောထားများကို သဘောတူလက်မှတ်ရေးထိုးနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်အတူ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ဒု-ဗိုလ်ချုပ်ကြီး အေးဝင်းတို့တက်ရောက်ခဲ့ကြသည်။

“ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒု- ဥက္ကဋ္ဌ ဦးလော့ယာကု၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်နှင့်ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ တတိယနေ့အား ဇန်နဝါရီ ၇ ရက်(ယနေ့)တွင် ဆက်လက်ပြုလုပ်၍ နှစ်ဖက်တူညီသည့် သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here