ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏အာဘော် ဖြစ်လာရန် အိန္ဒိယ၏တာဝန်ဖြစ်သည် ဟု အက်စ်ဂျေရှန်ကာ ပြော

0
109

လက်ရှိတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော ကမ္ဘာ့တောင်ခြမ်းနိုင်ငံများက နူးဒေလီကို အားကိုးတကြီးဖြစ်နေသဖြင့်ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏အာဘော်ထွက်ပေါ်လာရန် အိန္ဒိယ၏တာဝန်ဖြစ်သည် ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာကသောကြာနေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့တောင်ဘက်ခြမ်း ရှိနိုင်ငံများကို စုစည်းကာ ကမ္ဘာ့စိန်ခေါ်မှုအမျိုးမျိုးနှင့် စပ်လျဉ်းသည့် ၎င်းတို့၏ တူညီသော စိုးရိမ်မှုများ၊ဘုံ အကျိုးစီးပွားများနှင့် ရှုထောင့်များကို ဆွေးနွေးရန်အတွက် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် နိုင်ငံပေါင်း ၁၀၀ နီးပါး ပါဝင်မည့် အွန်လိုင်းထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ၎င်း၏ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ကမ္ဘာ့တောင်ခြမ်းနိုင်ငံအများစုသည် အာရှ၊ အာဖရိကနှင့် တောင်အမေရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံများကို ရည်ညွှန်းသည်။

“ယနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ရေနံ၊ အစားအသောက်နဲ့ ဓာတ်မြေသြဇာဈေးတွေ တက်လာလို့ စိုးရိမ်နေကြတယ်။ကြွေးမြီတွေတိုးလာခြင်းနဲ့ စီးပွားရေး အခြေအနေတွေပိုမိုဆိုးရွားလာခြင်းတို့ကိုလည်း စိုးရိမ်နေကြတယ်။ဒါကြောင့် သံတမန်နည်းလမ်းအရ အဲဒီနိုင်ငံတွေရဲ့ သဘောထားထွက်ပေါ်လာဖို့က ကျွန်ုတော်တို့တာဝန်ပါ” ဟု ဂျေရှန်ကာက ပြောကြားခဲ့ဖူးသည်။

G20 ဥက္ကဌရာထူးကိုအိန္ဒိယနိုင်ငံက ပြီးခဲ့သည့်လအစောပိုင်းက စတင်တာဝန်ယူခဲ့စဉ်က ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

Ref:hindustantimes


LEAVE A REPLY

Please enter your comment!
Please enter your name here