မြန်မာ-ထိုင်းနိုင်ငံ ဘဏ်လုပ်ငန်းနှင့်ငွေပေးချေမှုစနစ်များကို ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်ထိုင်းသံအမတ်ကြီးတို့ဆွေးနွေး

0
108

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ဘတ်/ကျပ်တိုက်ရိုက်ငွေပေးချေမှုအခြေအနေ၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ငွေလွှဲပို့မှု၊ နိုင်ငံခြားသုံးငွေကိစ္စများနှင့် မြန်မာ-ထိုင်းနိုင်ငံကြား ဘဏ်လုပ်ငန်းနှင့်ငွေပေးချေမှုစနစ်တို့အား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌများ၊အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here