နောင်ချိုမြို့နယ်တွင် ၂ ရက်အတွင်း အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ထံမှ စိတ်ကြွဆေးပြား ၄၅၀၀၀ ပြားကျော်ဖမ်းမိ

0
156

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်တွင် ဇန်နဝါရီ ၅ ရက်နှင့် ၄ ရက်တို့က အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ထံမှ စိတ်ကြွဆေးပြား ၄၅၂၃၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၅ ရက်ည ၆ နာရီခွဲက နောင်ချိုမြို့နယ်၊မကျည်းရေကျေးရွာ၊ဒုဌ၀တီတံတား၊ နောင်ချို-ရပ်စောက်သွားကားလမ်းတွင် ပြည့်ဖြိုးဇော်(ခ)ဘိုတုန်(၂၁)နှစ်မောင်းကာ အောင်လှိုင်ထွန်း(၃၅)နှစ်လိုက်ပါလာသည့် Cedric ကားအားစစ်ဆေးခဲ့ကြသည်။

၎င်းတို့ ၂ ဦးအတူတကွသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၃၀၅၃၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ပြင် ည ၆ နာရီ ၄၅ မိနစ်တွင်လည်း မကျည်းရေကျေးရွာ၊ဒုဌ၀တီတံတား၊နောင်ချို-ရပ်စောက်သွားကားလမ်းတွင် ချိုတူး(၅၄)နှစ် မောင်းလာသည့် ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၃၉၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၄ ရက်နေ့လည် ၃ နာရီခွဲ၌ နောင်ချိုမြို့နယ်၊အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကွတ်ခိုင်မြို့ဘက်မှမန္တလေးမြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ဒေါ်မြသွေး(၅၂)နှစ်ထံမှ စိတ်ကြွဆေးပြား ၁၀၈၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ၄ ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here