သဘာဝဓာတ်ငွေ့အတွက် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်သမ္မတရှီတောင်းဆို

0
140

ပေကျင်း၊ဇန်နဝါရီ ၆

တရုတ်သမ္မတရှီသည် စွမ်းအင်ဆိုင်ရာကဏ္ဍအတွက် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့်ပိုမိုပူးပေါင်းဆောင်ရွက်လိုကြောင်း ဇန်နဝါရီလ ၆ ရက်နေ့ကပြောကြားခဲ့သည်။

လူဦးရေးခြောက်သန်းရှိသော အာရှအလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သည့် တာ့ခ်မင်နစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးသဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပံ့ပိုးပေးနေသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။

တရုတ်မီဒီယာများအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံခြင်းနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သော်လည်း စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်မည့်ကိစ္စများအား အလေးထားဆွေးနွေးခဲ့ကြောင်းဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း တာ့ခ်မင်နစ္စတန်နိုင်ငံမှ ဓာတ်ငွေ့များကိုပိုမိုဝယ်ယူလျက်ရှိပြီး ၂၀၂၁ ခုနှစ်တစ်နှစ်လုံးအတွက် ကန်ဒေါ်လာ ၆ ဒသမ ၇၉ ဘီလျံအထိဝယ်ယူခဲ့ရာမှ ၂၀၂၂ ခုနှစ်ပထမ ၁၁ လ၌မူ ကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလျံအထိ ဝယ်ယူမှုတက်လာခဲ့ကြောင်းလည်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here