အာဆီယံ-အ​မေရိကန် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံရုံး ဝါရှင်တန်မြို့၏ သံရုံးယာယီတာဝန်ခံဦးသက်ဝင်းတက်ရောက်

0
159

အာဆီယံကော်မတီဝါရှင်တန်(ASEAN Committee in Washington– ACW)နှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီးများက အလုပ်သဘောနေ့လယ်စာစားပွဲကို ဇန်နဝါရီ ၅ ရက်မွန်းလွဲပိုင်းက ဝါရှင်တန်မြို့ရှိ ဘရူနိုင်းဒါရူဆလမ်သံရုံး၌ ပြုလုပ်ခဲ့သည်။

ဝါရှင်တန်မြို့ မြန်မာသံရုံးယာယီတာဝန်ခံဦးသက်ဝင်း၊ အခြားအာဆီယံသံရုံး အကြီးအကဲများ၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ကာကွယ်ရေးဝန်ကြီးဌာနတို့၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အလုပ်သဘောနေ့လယ်စာ စားပွဲတွင် ၂၀၂၂ ခုနှစ်အတွင်း အာဆီယံနှင့်အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်နိုင်ခဲ့မှု၊ အာဆီယံ-အမေရိကန် ဘက်ပေါင်းစုံမဟာဗျူဟာမြောက်မိတ်ဘက်ဆက်ဆံရေး စတင်ထူထောင်နိုင်မှုတို့အား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လာမည့်ကာလများတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားနိုင်ရေးများကိုလည်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here