US ၏သံချပ်ကာ တိုက်ယာဉ်များသည် ယူကရိန်းလိုအပ်‌နေသည့်အရာဖြစ်သည်ဟုဇလန်းစကီးဆို

0
194

အမေရိကန်က ပံ့ပိုးပေးသည့် Bradley ချိန်းတပ် သံချပ်ကာတိုက်ခိုက်ရေးယာဉ်များသည် ယူကရိန်း၏ လိုအပ်ချက်နှင့် ကွက်တိပင်ဖြစ်သည်ဟု သမ္မတဇလန်းစကီးက ၎င်း၏ဗီဒီယိုမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍သမ္မတဇလန်းစကီးက ပြီးခဲ့သည့်လက ၎င်း၏ခရီးစဉ်သည် ခိုင်မာသောရလဒ်များထွက်ပေါ်လာစေသည်ဟုဆိုလျက် အဆိုပါလက်နက်များသည် ယူကရိန်းအတွက် အမေရိက၏ဒေါ်လာ ၃ ဘီလျံ အကူအညီပေးရေးအစီအစဉ်သစ်မှ တစ်စိတ်တစ်‌ဒေသဖြစ်သည်ဟုလည်းဆိုသည်။

“ပထမဆုံးအနေနဲ့ Bradley သံချပ်ကာတိုက်ယာဉ်တွေကို လက်ခံရရှိမှာဖြစ်ပြီး ဒါကလည်း တကယ်လိုအပ်နေတဲ့အရာပါပဲ” ဟုဆိုကာ ကန်သမ္မတဂျိုးဘိုင်ဒင်နှင့်ကွန်ဂရက်လွှတ်တော်တို့ကို ကျေးဇူးတင်ရှိကြောင်း သမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

လက်နက်များထပ်မံပေးပို့ရန် မဟာမိတ်များအား မဆုတ်မနစ် ဖိအားပေးလျက်ရှိသည့် ဇလန်းစကီးသည် Marder ​မြေပြင် ခြေလျင်သံချပ်ကာတိုက်ယာဉ်များနှင့်Patriot လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းဒုံးစနစ်ကို ပေးပို့မည့်ဂျာမနီကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here