ဧရာဝတီမြစ်အတွင်း အမျိုးသမီးတစ်ဦး ရေထဲခုန်ချမှုဖြစ်စဥ် ရှာဖွေမတွေ့ရှိသေးဟုဆို

0
199

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို ရွှေမုဌောဘုရားအောက်ရှိ ဧရာဝတီမြစ်အတွင်းသို့ ယမန်နေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီအချိန်ခန့်၌ အမျိုးသမီးတစ်ဦးခုန်ချမှုဖြစ်စဉ် တစ်ခုအတွက် လက်ရှိအချိန်အထိ ရှာဖွေနေဆဲဖြစ်ပြီးကြောင်း ဒေသတွင်းအခြေစိုက် စေတနာလူမှုကူညီရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့‌ ပြောသည်။

ထို့အပြင် ခုန်ချခဲ့သည့် အမျိုးသမီး၏ မိသားစုဝင်များမှ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့အထိ ဘုရားဂေါပကထံလာရောက်ဆက်သွယ်စုံးစမ်းခြင်းမျိုးမရှိသေးကြောင်း ဆိုသည်။

” ကျွန်တော်တို့ဆက်ရှာနေပါတယ်။ အဲ့ဒီနေရာက ရေဝဲလိုမျိုးနဲ့အောက်မှာ ချိုင့်တွေရှိတော့ရှာရတာနည်းနည်းခက်ပါတယ်။ သူခုန်ချသွားတယ်ဆိုတာကို ပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေက မြင်ပါတယ်ဆိုတော့ ခုန်ချသွားတာကို အတည်ပြုရတော့မှာပေါ့။ အခုထိတော့ရှာဖွေမတွေ့သေးပါဘူး။ သူဆွဲခြင်းထဲက ပစ္စည်းအချို့မှာ ခေါက်ဆွဲထုတ်နဲ့ငွေအကြွေလေးတွေတော့တွေ့ရပါတယ်။ အခြားသက်သေခံပစ္စည်းတော့မတွေ့ဘူး”ဟု ရှင်းပြသည်။

ယမန်နေ့ က အဆိုပါအမျိုးသမီးခုန်ချခဲ့ပြီးနောက် မြို့နယ် မီးသတ်တပ်ဖွဲ့အပါအဝင်ဒေသတွင်း လူမှုကူညီရေးအဖွဲ့တို့ပူးပေါင်း၍ ညပိုင်းအချိန်အထိ ရှာဖွေခဲ့သော်လည်း ယနေ့ နံနက်ပိုင်းအထိရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်အထိ ခုန်ချသွားသောအမျိုးသမီးမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း စုံစမ်း၍မရရှိသေးဘဲ၊ အမျိုးသမီးအလောင်းအား ပြန်လည်တွေ့ရှိမှသာ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်၍ လိုအပ်သည်များဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here