မန်းရွှေစက်တော်ဘုရားပွဲတော်ကာလတွင် ခရီးသည်တင်ကား ၃၀ စီးပြေးဆွဲပေးမည်

0
386

မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း၌ ဘုရားဖူးလာရောက်ကြသူများ သွားလာရေးအဆင်ပြေစေရန် ခရီးသည်တင်ကား ၃၀ စီးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မန်းမော်တော်ယာဉ်ငယ်လိုင်းမှ ၁၂ ယောက်၊ ၁၅ ယောက်ဆံ့(Starex နှင့် Vongo) ကားအမျိုးအစား မှန်လုံယာဥ်ငယ်များဖြင့် မင်းဘူး-ရွှေစက်တော်ခရီးစဉ်အား ကား ၁၀ စီး၊တောင်ပေါ်-တောင်အောက်(အတက်-အဆင်း)ခရီးစဉ်အား ၂၀ စီး(စုစုပေါင်း ၃၀ စီး)ဖြင့်ပြေးဆွဲသွားမည်ဖြစ်သည်။

ထို့ပြင် ပွဲတော်ကာလအတွင်း၌ ကားစီးရေမလုံလောက်ပါက ထပ်မံဖြည့်တင်းပေးသွားမည်ဖြစ်ကာ ယာဉ်စီးခနှုန်းထားများမှာ အသွား/အပြန် ၁၂၀၀၀ ကျပ်၊တောင်ပေါ်-တောင်အောက် ခရီးစဉ်မှာ အတက် ၁၀၀၀ ကျပ်၊ အဆင်း ၅၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ပြေးဆွဲမည့်ကားများ ကြံ့ခိုင်ကောင်းမွန်ရေး၊ဘုရားဖူးများ စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရေး၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲမောင်းနှင်နိုင်ရေးတို့အား စစ်ဆေးကြပ်မတ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီမှ သိရသည်။

ခရီးသည်တင်ကားများသည် မင်းဘူးမြို့၊မြောက်လှည်းကောက်အဝိုင်းပတ်ဂိတ်မှ ဇန်နဝါရီ ၂၅ ရက်မှစတင်ကာ နံနက် ၆ နာရီမှည ၆ နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းဘူးရွှေစက်တော်ဘုရားပွဲတော်အား ဇန်နဝါရီ ၂၅ ရက်မှစတင်၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here