ကလီဖိုးနီးယား၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ပေါင်းထောင်ချီလျှပ်စစ်မီးပြတ်တောက်နေဟုဆို

0
190

နှစ်ရက်ကြာလေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလီဖိုးနီးယား၌အိမ်ထောင်ပေါင်းများစွာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်ဟုသိရသည်။လျှပ်စစ်မီးများပြန်လည်ရရှိရန် သောကြာနေ့ကတည်းကတာဝန်ရှိသူများကလုပ်ဆောင်နေကြသည်ဟုလည်း သိရသည်။

ထို့ပြင်အခြားမုန်တိုင်းတစ်ခုသည်လည်း လာမည့်သောကြာနေ့နှောင်းပိုင်း၌ ကလီဖိုးနီးယားအနောက်မြောက်ပိုင်းနှင့် တောင်အရပ်စူးစူးရှိ ဆန်ဖရန်စစ္စကိုပင်လယ် အော် မှတစ်ဆင့် ကမ်းရိုးတန်းအလယ်ပိုင်းသို့စနေနှင့်တနင်္ဂနွေနေ့များတွင်ဖြတ်သန်းနိုင်ကြောင်း မိုးလေဝသဌာနကပြောကြားခဲ့သည်။

ထို့ပြင် အော်ရီဂွန်တောင်ပိုင်းသည်လည်း မုန်တိုင်းဒဏ်ခံရနိုင်သည်ဟုဆိုခဲ့ကာ အဆိုပါမုန်တိုင်းနှင့်မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် ရွှံ့မြေပြိုခြင်းအန္တရာယ်များလည်း ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်းသတိပေးထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းအပြင် ဆီအားနီဗားဒါးတောင်တန်းတွင်လည်း နှင်းများထူထပ်စွာကျဆင်းနိုင်ပြီး နှင်းကျနိုင်မှုပမာဏသည် ၂ ပေ (၆၀ စင်တီမီတာ) အထိ ကျဆင်းနိုင်သည်ဟုမျှော်လင့်ထားကြသည်။

သောကြာနေ့အထိ ကလီဖိုးနီးယားမြောက်ပိုင်း၏ သုံးပုံနှစ်ပုံခန့်သည် ရေလွှမ်းမိုးနိုင်ခြေအတွက်စောင့်ကြည့်မှုများ၊လေပြင်းတိုက်ခတ်မှုဆိုင်ရာသတိပေးချက်များနှင့်ဆောင်းမုန်တိုင်းသတိပေးချက်များဖြင့်ပြည့်နှက်နေသည်ဟု ကျွမ်းကျင်သူများကပြောကြားခဲ့သည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here