နစက ဥက္ကဋ္ဌမှ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ် ရေးနေ့၌မွေးဖွားခဲ့သည့် ကလေးငယ်များနှင့်မိခင် များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

0
341

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က တပ်မတော်ဆေးရုံများ၌ မွေးဖွားခဲ့သည့် ကလေးငယ်များနှင့်မိခင်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၄ ရက်ကကျရောက်ခဲ့သည့် (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့တွင် တိုင်းစစ် ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၌ မီးဖွားလူနာ(ပြည်သူ) ၂၆ ဦးနှင့်တပ်မ တော်သားမိသားစုဝင် ၁၄ ဦး(စုစုပေါင်း ၄၀ ဦး) တို့၏ကလေးငယ်များကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။

ထိုသို့ တပ်မတော်ဆေးရုံများ၌မွေးဖွားခဲ့သည့် ကလေးငယ်များနှင့်မိခင်များအား ကလေးငယ်တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှင့်အာဟာရဖြည့်စားသောက်ဖွယ်ရာများကို နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယင်း ဂုဏ်ပြုချီးမြှင့်ငွေများနှင့်အာဟာရဖြည့်စားသောက်ဖွယ်ရာများအား နစက ဥက္ကဋ္ဌ(ကိုယ်စား) သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here