နိုင်ငံတော်၏ NSPNC နှင့် UWSP , NDAA , SSPP တို့ ၃ ရက်တာဆွေးနွေးမှု သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး

0
400

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊အ မျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကိုယ်စား လှယ်အဖွဲ့တို့ ဇန်နဝါရီ ၇ ရက်က တတိယနေ့အ ဖြစ် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေးပြီးနောက် အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များအား အတည်ပြုလက် မှတ်များရေးထိုးခဲ့သည်။

ထို့နောက် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တက်ရောက်လာကြသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကိုယ်စား “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)ဒု-ဥက္ကဋ္ဌ ဦးလော့ယာကုတို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊နိုင်ငံတော် ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ဒု-ဗိုလ်ချုပ်ကြီး အေးဝင်းတို့တက်ရောက်ခဲ့ကြသည်။

ထို့ပြင် “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒု-ဥက္ကဋ္ဌဦးလော့ယာကု၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်နှင့်ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here