ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ၌ အကြမ်း ဖက်လုပ်ငန်းများပြုလုပ်ရန်စီစဥ်နေသည့် PDF အဖွဲ့ဝင် ၈ ဦး၊ရုပ်အလောင်း ၆ လောင်းတို့အား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းမိ

0
303

ရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ ၌ အကြမ်းဖက်လုပ်ငန်းများပြုလုပ်ရန်စီစဥ်နေသည့် PDF အဖွဲ့ဝင် ၈ ဦး၊ရုပ်အလောင်း ၆ လောင်းတို့အား လက်နက်/ခဲယမ်းများနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များသည် အင်းလေးဒေသ၌ အ ကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန်စီစဉ်နေသည့် PDF အဖွဲ့များအားကူညီပေးနေသူ ညောင်ရွှေမြို့နယ်၊အင်းတိန်ကျေးရွာ၊အင်းတိန်ညောင်အုပ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥုးဇဝန (ခ)စိုးသန်းဝင်းအား ဒီဇင်ဘာ ၂၇ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ဒီဇင်ဘာ ၂၉ ရက်နေ့လည်ပိုင်းတွင် PDF အဖွဲ့များအား ကူညီပေးနေသည့် သန်းဇော်ဌေး(ခ)သားငယ် ညနေပိုင်းတွင် ရှမ်းပြည် နယ်(တောင်ပိုင်း) PDF အဖွဲ့ခေါင်းဆောင် ဇော်ဇော်အောင်(ခ)ဆရာကျောင်းနှင့်အိုက်ရွန် တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၃၁ ရက်ညနေပိုင်းတွင် PDF အဖွဲ့များထံ လုံခြုံရေးအဖွဲ့ဝင်များ၏သတင်းများအား ပေးပို့ခဲ့သူ တင်တင်ညို(ခ)မလေး၊ငွေကြေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများတွင် ကူညီပေးနေသူ မင်းမင်းဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ ဇန်နဝါရီ ၃ ရက်နေ့လည်ပိုင်း၌ PDF အဖွဲ့ဝင်များခိုအောင်းနေသည့် ညောင်ရွှေမြို့နယ်၊လုံကန်ကျေးရွာ၊တောင်တိုကျေးရွာ၊တောင်ခြားပြင်ကျေးရွာတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအား တောင်ခြားပြင်ကျေးရွာအနီးတွင် PDF အဖွဲ့ဝင် ၂၀ ဦးခန့်က သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်။

လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရာ PDF အဖွဲ့ဝင်များသည် အနောက်ဘက်သို့ထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်၌ PDF အဖွဲ့ခေါင်းဆောင် ဖိုးခွား(ခ)အင်းဖိုးခွား အပါအဝင် ၅ ဦး၏ ရုပ်အလောင်းများအား လက်နက်/ခဲယမ်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၄ ရက်တွင်လည်း ညောင်ရွှေမြို့ နယ်၊ကံရွာကျေးရွာအနီး၌ PDF အဖွဲ့ဝင်များဖြစ်သည့် ဇော်မျိုးအောင်၊ဇွဲညီထွန်းနှင့်ကတုံးတို့ ၃ ဦးအား သေဆုံးလျက်ထပ်မံတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်မှ PDF အဖွဲ့ဝင် အမျိုးသား ၇ ဦး၊အမျိုး သမီး ၁ ဦး၊ရုပ်အလောင်း ၆ လောင်းနှင့်လက်နက်မျိုးစုံ ၁၂ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ် ဗုံး ၂၃ လုံး၊ နင်းမိုင်း ၉ လုံး၊ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခု၊ Drone ၁ စင်းတို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ၎င်းတို့ကျူးလွန်ခဲ့သည့် ဖောက်ခွဲတိုက် ခိုက်ပစ်ခတ်သတ်ဖြတ်မှုများနှင့်ဖောက်ခွဲမှုများပြုလုပ်ရန်စီစဥ်ထားမှုတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here