ယူကရိန်းသို့ အနောက်နိုင်ငံများက အကူအညီပေးခြင်းသည် ငွေကြေးခဝါချမှုဖြစ်ကြောင်း ချေချင်းညှာခေါင်းဆောင်ဆို

0
253

ယူကရိန်းသို့ အနောက်နိုင်ငံများက အကူအညီပေးကြခြင်းသည် ငွေကြေးခဝါချမှု အစီအစဉ်တစ်ခုသာဖြစ်ကြောင်း ချေချင်းညှာခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်(Ramzan Kadyrov)က သူ၏ Telegram ချန်နယ်တွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။

“ယူကရိန်းနိုင်ငံကို နိုင်ငံခြားအကူအညီတွေပေးဖို့ တစ်ချို့က စိုးရိမ်နေကြတယ်လို့ ကျွန်တော်မြင်ပါတယ်။ စိတ်မပူပါနဲ့၊ ဒါက ငွေကြေးခဝါချတဲ့ အစီအစဉ်ပါ။ အနောက်နိုင်ငံနဲ့ ယူကရိန်းအရာရှိတွေက ဒီရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မှာ ဖြစ်ပြီး ထောက်ပံ့မှုတစ်ခုလုံးရဲ့ ၁၅ရာခိုင်နှုန်းထက်မပိုတဲ့ ပမာဏသာလျှင် ရှေ့တန်းကတုတ်ကျင်းတွေဆီကို ရောက်သွားပါလိမ့်မယ်”ဟု သူကရေးသားခဲ့ခြင်းဖြစ်သည်။

ရုရှားပိုင်နက်တွင် လက်ရှိဖြစ်ပွားနေသည့် ပစ်ခတ်မှုများနှင့်ပတ်သက်၍လည်း စိုးရိမ်စရာမရှိကြောင်း ကာဒီရော့ဗ်က မှတ်ချက်ပြုခဲ့သေးသည်။

ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်က ယူကရိန်းအတွက် ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိ အကူအညီပေးရေးအစီအစဉ်သစ်ကို ကြေညာခဲ့သည်။ အိမ်ဖြူတော်၏အဆိုအရ အဆိုပါအကူအညီကို ပင်တဂွန်အရန်နယ်မြေမှ တိုက်ရိုက်ပေးအပ်မည်ဖြစ်ပြီး Bradley သံချပ်ကာယာဉ်များ၊ မောင်းသူမဲ့ဟောင်ဝစ်ဆာအမြောက်တင်ယာဉ်များ၊ MRAP (Mine-Resistant Ambush-Protected) ယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များနှင့် အခြားလက်နက်များနှင့် ခဲယမ်းများပါဝင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here