မှော်ဘီနှင့်မရမ်းကုန်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြား၊မူးယစ်ဆေးဝါးများဖမ်းမိ

0
298

ရန်ကုန်တိုင်း၊မှော်ဘီနှင့်မရမ်းကုန်းမြို့နယ်တို့တွင် ဇန်နဝါရီ ၆ ရက်က စိတ်ကြွဆေးပြားများ၊ ICE ၊ ဆေးခြောက်များအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၀င်များသည် မှော်ဘီမြို့နယ်၊(၄)ရပ်ကွက်၊စက်မှု(၁)လမ်းနေ နေမျိုး၀င်း(ခ)နေမျိုး(၄၇)နှစ်၏နေအိမ်မှ ချစ်ကို (၄၅)နှစ်နှင့်အတူ စိတ်ကြွဆေးပြား ၁၀၀၀၀ ပြား၊ စိတ်ပြောင်းဆေးဝါး ICE (၉၀ ဂရမ်)၊ဆေးခြောက်(၃ ကီလို)တို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင်လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၀င်များသည် မရမ်းကုန်းမြို့နယ်၊အ မှတ်(၁)ရပ်ကွက်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် ထက်လင်းကျော် (၂၂)နှစ် မောင်းကာ မဇွန်လဲ့ရည်ဖြိုး(၂၂)နှစ် နှင့်နေလင်း(၄၅)နှစ်တို့လိုက်လာသည့် Toyota Belta ကားအားစစ်ဆေးခဲ့ကြသည်။

၎င်းတို့ထံမှ စိတ်ကြွဆေးပြား ၂၂၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မှော်ဘီမြို့မရဲစခန်းနှင့်ဘုရင့်နောင်နယ်မြေရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here