သုံးနှစ်ကြာပြီးနောက် တရုတ်နယ်စပ်ဂိတ်များပြန်ဖွင့်

0
275

ဟောင်ကောင်၊ဇန်နဝါရီ ၈

တင်းကျပ်လွန်းသောကန့်သတ်ချက်များဖြင့် သုံးနှစ်ကြာနေပြီးသည့်နောက် တရုတ်နိုင်ငံသားများသည် ယခုအခါပြည်တွင်းပြည်ပသို့ လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်သည်။

တရုတ်နိုင်ငံ၏တင်းကျပ်လွန်းသော ကန့်သတ်ချက်များသည် စီးပွားရေးတိုးတက်မှုကို ထိခိုက်စေခဲ့သဖြင့် ဒီဇင်ဘာလ၌ ၎င်း၏ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအားရုပ်သိမ်းကာ အခြားနိုင်ငံများကဲ့သို့ ဗိုင်းရပ်စ်နှင့်ယှဉ်တွဲနေထိုင်ခြင်းမူဝါဒအားကျင့်သုံးခဲ့သည်။

တနင်္ဂနွေနေ့မှစ၍ တရုတ်ပြည်မထဲသို့ပြန်လာသူများအနေဖြင့် အိမ်၊စားသောက်ဆိုင်နှင့် အခြားနေရာများသို့တစ်ခါတည်း တိုက်ရိုက်သွားနိုင်တော့မည်ဖြစ်ပြီး ဟောင်ကောင် – ရှန်ကျန်းနယ်စပ်မှလူအများသည်လည်း ကိုဗစ်မဖြစ်မနေစစ်ဆေးရခြင်းနှင့် ကွာရန်တင်းဝင်ရခြင်းများ ကို ပြုလုပ်စရာမလိုတော့ဟုသိရသည်။

ကိုဗစ်ကန့်သတ်ချက်များဖြင့် ခရီးသွားလာခွင့်များပိတ်ထားစဉ်ကလည်း ပြည်ပရောက်တရုတ်နိုင်ငံသားများသည် နေရပ်ပြန်နိုင်ရေးအတွက် အပြင်းအထန်ကြိုးစားခဲ့ရသော်လည်းမအောင်မြင်ခဲ့ပေ။

သို့သော်ယခုအခါ၌မူ ပြည်တွင်းပြည်ပသို့ လွတ်လပ်စွာပြန်လည်သွားလာနိုင်ပြီဖြစ်ကာ ခရီးသွားလုပ်ငန်းသည် ယခုနှစ်ကုန်ပိုင်းတွင် ၂၀၁၉ ခုနှစ်ကအခြေအနေနှင့် တန်းတူအနေအထားသို့ ပြန်ရောက်ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားကြသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here