တရုတ်နိုင်ငံရှိ အကျဥ်းထောင်တွင်ပြစ်ဒဏ်ကျခံပြီး‌နောက် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦး မူဆယ်နယ်စပ်နန်းတော်ဂိတ်မှတဆင့်ပြန်လည်ဝင်ရောက်လာ

0
518

တရုတ်နိုင်ငံရှိ အကျဥ်းထောင်တွင်ပြစ်ဒဏ်ကျခံပြီးနောက် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦး ဇန်နဝါရီ ၈ ရက်(ယနေ့)နံနက်ပိုင်းက မူဆယ်နန်းတော်ဂိတ်မှတဆင့်ပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦးနှင့်အမျိုးသမီး ၁ ဦး(စုစုပေါင်း ၁၅ ဦး)သည် တရုတ်နိုင်ငံ၌ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နေရပ်သို့ပြန်နိုင်ရန်ကူညီခြင်း၊မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ကိုဗစ်(၁၉)ရောဂါ စစ်ဆေးခြင်းတို့အား ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here