နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ ပျက်စီးယိုယွင်းနေတဲ့မင်းဖူးတန်ဆောင်းကြီးအားပြန် လည်ပြုပြင်နိုင်ရန်အလှူငွေများမတည်လှူ

0
427

ဒါန်းခဲ့တဲ့ခန့်စည်သူ

သရုပ်ဆောင်ခန့်စည်သူဟာ ဇန်နဝါရီ လ ၇ ရက်နေ့မှာပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်ပေါ်ရှိ နှစ်ပေါင်း၁၀၀ ကျော်သက်တမ်းရှိမင်းဖူးတန်ဆောင်းကြီးအားရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရန် မတည်အလှူရှင်အနေနဲ့အလှူငွေများလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ ပတ်သက်ပြီး ခန့်စည်သူ က

” ပြည်မြို့၊ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်က ပျက်စီးယိုယွင်းနေသော နှစ်ပေါင်း(၁၀၀)ကျော် သက်တမ်းရှိ မင်းဖူးတန်ဆောင်းကြီးအား ရှေးမူမပျက် ပြန်လည် ပြုပြင်နိုင်ရန်အတွက် မ တည်အလှူငွေ (၁၀)သိန်းကျပ်ကို လှူဒါန်းခဲ့ခြင်းနှင့် 

နိဗ္ဗိန္ဒတောင် တောရကျောင်းတိုက်တွင် သီတင်းသုံးလျက်ရှိကြသော သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ဆရာလေးများအား ဆန်၊ဆီ၊ဆေး၊ပဲ အစရှိသောပစ္စည်းလေးပါးနှင့် အသုံးအဆောင်ပစ္စည်းများကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းခဲ့ကြပါတယ်။

ပြုပြုသမျှ ကုသိုလ်အစုစုတို့၏ အဖို့ဘာဂကို (၇)ရက်သား၊သမီးအပေါင်း သူတော်ကောင်းများအားမျှဝေပါတယ်။

သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။  ” လို့သူလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here