ထိုင်းအဝင် ကိုဗစ်ကာကွယ်​ဆေးထိုးထား​ကြောင်း ပြသရ​တော့မည့် စည်းကမ်းအား ခရီးသွားကုမ္မဏီများကန့်ကွက်

0
225

ထိုင်းနိုင်ငံသို့  လေကြောင်းဖြင့် ဝင်လာမည့် နိုင်ငံခြားခရီးသည်များအားကိုဗစ်ကာကွယ်​ဆေး နှစ်ကြိမ်ထိုးပြီး​ကြောင်းပြသရမည့်အစိုးရအမိန့်ထုတ်လိုက်သည်ကို ပြန်လည်သုံးသပ်ရန် ခရီးသွားကုမ္မဏီများက ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဖူးခက်၊ ဖန်ငနှင့် ခရပ်ဘီ ပြည်နယ်များမှ ခရီးသွားကုမ္မဏီများနှင့် အသင်းအဖွဲ့ ဒါဇင်ပေါင်းများစွာက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာထံ သောကြာနေ့က စာတစ်စောင် တင်ခဲ့သည်။

တနင်္ဂနွေနေ့မှ စတင်၍ COVID-19 ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသည့်ကဒ်ပြဖို့​တောင်းဆိုခြင်းသည်ထိုင်းသို့လာလိုသည့် ခရီးသွားများအတွက် အဆင်မပြေဖြစ်စေပြီး ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ဖို့တွန့်ဆုတ်သွားနိုင်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

နိုင်ငံအများအပြားတွင် COVID-19 နှင့်ပတ်သက်သည့် လိုအပ်ချက်များကို လုံးလုံးလျားလျား ဖျက်သိမ်းထားပြီးဖြစ်ကြောင်း စာတွင်ထည့်သွင်းထားသည်။

” ခရီးသွားလာရေး အဆင်မပြေမှုတွေ ထပ်တိုးနိုင်တာနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိ​ကြောင်းပြောဆိုလာတဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းတော်တော်များများလည်းရှိပါတယ်” ဟု အဆိုပါစာတွင်ပါရှိသည်။

တရုတ်အစိုးရ၏ COVID-19 ခရီးသွားလာမှု ကန့်သတ်ချက်များကို ယနေ့မှ စတင်ဖြေလျှော့ပြီးနောက် တရုတ်ခရီးသွားများ ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းအစိုးရကစည်းကမ်းအသစ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

Source:khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here