အမ်အမ်အေကစားသမား ဗစ်တိုးရီးယားလီ အသက် ၁၈ နှစ်အရွယ်၌ကွယ်လွန်

0
364

စင်္ကာပူ၊ဇန်နဝါရီ ၈

ကိုယ်ခံပညာတိုက်ခိုက်ရေးကစားသမား ဗစ်တိုးရီးယားလီ ကွယ်လွန်သွားကြောင်း ၎င်း၏ညီမအန်ဂျလာလီက ဇန်နဝါရီ (၈)ရက်တွင်ပြောကြားခဲ့သည်။သူသည်ကွယ်လွန်ချိန်၌ အသက် (၁၈) နှစ်သာရှိသေးသည်။

ဟာဝိုင်ယီ ရှိ ဗစ်တိုးရီးယားလီ၏ကွယ်လွန်မှုကို Kaneohe ရှိ Temples Memorial Park ၌ သောကြာနေ့က ကြေငြာခဲ့ပြီး ၎င်းသေဆုံးရသည့် အကြောင်းရင်းကိုမူ လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။

ဟာဝိုင်ယီ ၌မွေးဖွားခဲ့သည့် ဗစ်တိုးရီးယားလီသည် United MMA နှင့် Evolve MMA အဖွဲ့များ၏အဖွဲ့ဝင်အဖြစ် အက်တမ်ဝိတ်တန်း၌ အမေရိကန်နှင့်စင်္ကာပူန်ုင်ငံ ကိုယ်စားပြု၍ လက်ဝှေ့ ထိုးသတ်နေသူတစ်ဦးဖြစ်သည်။  

ထို့ပြင် စင်္ကာပူရှိ ကိုယ်ခံပညာအားကစားရုံများဖြစ်သည့် Evolve MMA တွင်လည်း လက်ထောက်နည်းပြအဖြစ် စာရင်းသွင်းခံခဲ့ရသူဖြစ်သည်။

သူမသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံမှ Sunisa Srisen အားအနိုင်ယူခဲ့ပြီး ပရော်ဖက်ရှင်နယ် MMA ပရိုမိုးရှင်းဖြင့် ပွဲဦးထွက်ခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here