အမေရိကန်တွင် အသက် ၆ နှစ်အရွယ် ကျောင်းသားလေးက ဆရာမကို သေနတ်ဖြင့်ပစ်

0
356

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်ရှိ Richneck Elementary School ကျောင်းတွင် အသက် ၆ နှစ်အရွယ် ကျောင်းသားငယ်တစ်ဦးက စာသင်ခန်းထဲတွင် သူ၏ ဆရာမကို သေနတ်ဖြင့်ပစ်ခတ်မှု သောကြာနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲချုပ် စတိဗ်ဒရူးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ပတ်ခတ်သူဟာ အသက် ၆နှစ်အရွယ် အမျိုးသား ကျောင်းသားငယ်လေးတစ်ဦးဖြစ်ပြီး၊ မတော်တဆပစ်ခတ်မှု၊ မတော်တဆကျည်ဆံထွက်သွားမှု မဟုတ်ပါဘူး”ဟုလည်း ရဲချုပ်ကပြောသည်။

သေနတ်ယူဆောင်လာသည့် ကျောင်းသားငယ်နှင့် ဆရာမသည် ခေတ္တမျှ အချင်းများခဲ့ပြီးနောက် ကျောင်းသားငယ်က သေနတ်ဖြင့် ၁ ချက်ပစ်ခဲ့ခြင်းဖြစ်ပြီး၊ အခြားကျောင်းသားများ ဝင်ရောက်ပါဝင်ခြင်းမရှိကြောင်းကိုလည်း သူကပြောသည်။

သေနတ်ကျည်ဆံထိမှန်သည့်ဆရာမမှာ ကျန်းမာရေးအခြေအနေတည်ငြိမ်လျှက်ရှိကြောင်းနှင့် သူ၏မိသားစုနှင့်လည်းတွေ့ဆုံနေပြီဖြစ်ကြောင်းတို့ကိုလည်း ရဲချုပ်က ထည့်သွင်းပြောကြားသည်။

သို့ရာတွင် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့်၊ ကျောင်းတာဝန်ရှိသူများက ပစ်ခတ်သည့်ကျောင်းသားနှင့် သေနတ်ကျည်ဆံထိမှန်သူ ဆရာမတို့၏ အမည်များကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here