ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF အဖွဲ့က Drone ယာဉ်များဖြင့် Drop Bomb များပစ်ချ၍ ကလေးငယ် ၃ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

0
244

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များမှ ဇန်နဝါရီ ၆ ရက်မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က PDF အဖွဲ့ဝင်များ သည် ပုလဲမြို့နယ်၊ဇီးဖြူကုန်းကျေးရွာအတွင်းသို့ ကျေးရွာ၏မြောက်ဘက်နှင့်အရှေ့မြောက်ဘက် တို့မှ Drone ယာဉ်များဖြင့် Drop Bomb ၇ လုံးဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြသည်။

Drop Bomb ၆ လုံးသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ယင်း ကျေးရွာနေ ဒေါ်သေးတင်(၆၂)နှစ်၊ဒေါ်ညိုထွေး(၄၅)နှစ်၊ဒေါ်ဖြူဖြူဘွဲ့(၂၆)နှစ်၊မောင်ဟိန်းထက်ဇော်(၁၇)နှစ်၊မောင်ပြည့်စုံအောင်(၁၂)နှစ်၊မောင်ဟန်မင်းထက်(၉)နှစ်နှင့်မောင်ပိုင်ပိုင်(၂)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ထိခိုက်ဒဏ် ရာရရှိသူများအား ဆေးဝါးကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအား လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို လုံခြုံရေးရေးလုပ်ငန်းစဉ်များနှင့်အညီဆောင် ရွက်လျက်ရှိကြောင်း နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here