ဩစတြေးလျအနောက်ပိုင်း၌ စံချိန်တင်ရေကြီးမှုကြောင့် အချို့နေရာများသွားလာမရဘဲ ပိတ်မိနေ

0
340

ဆစ်ဒ်နီ၊ဇန်နဝါရီ ၈

နိုင်ငံ၏အနောက်မြောက်ပိုင်းတွင် စံချိန်တင်ရေကြီးမှုများရက်နှင့်ချီ၍ဆက်လက်ဖြစ်ပွားနေသဖြင့် ရပ်ရွာမြို့နယ်အများအပြားသွားလာရေးခက်ခဲနေကြောင်း ဩစတြေးလျမိုးလေဝသပညာရှင်များက ဇန်နဝါရီ ၈ ရက်နေ့ကပြောကြားခဲ့သည်။

အနောက်ဩစတြေးလျပြည်နယ် ကင်မ်ဘာလီ၌ မိုးသည်းထန်စွာရွာသွန်းစေခဲ့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Ellie ကြောင့် ယခုကဲ့သို့အရေးပေါ်အခြေအနေဖြစ်ခဲ့ရသည်ဟုသိရှိရသည်။

ယင်းတို့အနက် လူပေါင်း ၁,၃၀၀ ခန့်ရှိသည့် ဖစ်ဇ်ရိုင်းဒေသသည် အဆိုးရွားဆုံးထိခိုက်ခံခဲ့ရသည့်ဒေသဖြစ်ပြီး သွားလာရေးအတွက်လမ်းများရေလျှံနေသဖြင့် လေကြောင်းကိုအသုံးပြုနေရသည်ဟုဆိုသည်။မိုးလေဝသခန့်မှန်းသူများ၏ပြောကြားချက်အရ အဆိုပါဒေသ၌ လမ်းအများစုသည် ရေလွှမ်းမိုးနေသဖြင့်အသုံးပြု၍မရတော့ကြောင်းသိရသည်။

ပြည်နယ်မြို့တော် ပါ့သ်၏မြောက်ဘက် ကီလိုမီတာ ၂,၀၀၀ ခန့်အကွာရှိ အပန်းဖြေမြို့ ဘရုန်း အပါအဝင်အခြားမြို့ငယ်လေးများ၌လည်း ရေကြီးရေလျှံမှုဖြစ်လာနိုင်ကြောင်း အာဏာပိုင်များကသတိပေးထားသည်။

ဩစတြေးလျနိုင်ငံသည် နှစ်ရှည်လာနီညာရာသီဥတုကြောင့် လွန်ခဲ့သည့်နှစ်နှစ်မှစ၍ မကြာခဏရေကြီးရေလျှံမှုများဖြစ်ပွားလာကာ အရေးပေါ်အခြေအနေသို့မကြာခဏရောက်လေ့ရှိသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here