ရုရှားနှင့်ယူကရိန်းတို့ အကျဉ်းသားအ‌ယောက်ငါးဆယ်စီလဲလှယ်ခဲ့

0
130

ယူကရိန်းအရှေ့ပိုင်း၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိသော်လည်း ရုရှားနှင့်ယူကရိန်းတို့သည် ဇန်နဝါရီလ  ၈ ရက်နေ့က အကျဉ်းသားငါးဆယ်စီ အလဲအလှယ်လုပ်ခဲ့ကြောင်းသိရှိရသည်။

ပြန်လည်လွတ်မြောက်လာသော ရုရှားစစ်သားအယောက်ငါးဆယ်အား ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာကုသမှုခံယူရန် မော်စကိုသို့လေယာဉ်ဖြင့်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

“ဆွေးနွေးမှုရဲ့ရလဒ်အနေနဲ့ အထိန်းသိမ်းခံထားရတုန်း အသက်အန္တရာယ်ရှိနေတဲ့ ရုရှားစစ်သားအယောက်ငါးဆယ်ကို ဇန်နဝါရီ ၈ ရက်နေ့မှာ ကိဗ်ထိန်းချုပ်နယ်မြေကနေ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်” ဟု သတင်းထုတ်ပြန်ချက်၌ရေးသားထားသည်။

သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ယူကရိန်းစစ်သားအယောက်ငါးဆယ်အား ရုရှားဘက်မှပြန်လွှတ်ပေးခဲ့သည်ဟုလည်း ယူကရိန်းကအတည်ပြုခဲ့ပြီး လဲလှယ်မှုများထပ်မံလုပ်ဆောင်သွားရန်ရှိသေးကြောင်းလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here