တွစ်တာအသုံးပြုသူ သန်း ၂၀၀ ကျော်၏ အီးမေးလ်များ ခိုးယူခြင်းခံရ

0
251

ဟက်ကာများသည် တွစ်တာအသုံးပြုသူ သန်း ၂၀၀ ကျော်၏ အီးမေးလ်လိပ်စာများကို ခိုးယူကာ အွန်လိုင်းဟက်ကာဖိုရမ်တစ်ခုတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တင်ခဲ့သည်။

“ကျွန်တော်မြင်ဖူးသမျှတွေအနက်အထူးခြားဆုံး ပေါက်ကြားမှုတစ်ခုပါပဲ”ဟု အစ္စရေးဆိုက်ဘာလုံခြုံရေးစောင့်ကြည့်ရေးကုမ္ပဏီ Hudson Rock ၏တွဲဖက်တည်ထောင်သူ Alon Gal က LinkedIn တွင် ရေးသားခဲ့သည်။

ထိုသို့ခိုးယူမှု နောက်ကွယ်ရှိ ဟက်ကာများ၏ အထောက်အထား သို့မဟုတ် တည်နေရာကို သဲလွန်စမရရှိခဲ့ပါ။

ယင်းအီးမေးလ် လိပ်စာများသည် တွစ်တာအသုံးပြုသူများ၏ အီးမေးများဟုတ်မှန်ကြောင်း တွစ်တာထံမှ အတည်ပြုချက်မရရှိသေးသော်လည်း၊ ဟက်ကာတို့၏ ခိုးယူချိုးဖောက်မှုများကို သတိပေးသည့် ဝက်ဘ်ဆိုက် Have I Been Pwned ကို တည်ထောင်ဖန်တီးသူ Troy Hunt ကမူ ပေါက်ကြားလာသည့်အချက်အလက်များကိုလေ့လာစစ်ဆေးကာ အဆိုပါအီးမေးလ်များသည် အစစ်အမှန်များဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here