သီလဝါပြည်တွင်းစက်မှုဇုန်၌ Level 1 အဆင့်မီးလောင်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း၌ မီးလောင်မှု ၂ ကြိမ် ယနေ့ဖြစ်ပွားခဲ့

0
161

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်ရှိ သီလဝါပြည်တွင်းစက်မှုဇုန်နှင့်မှော်ဘီမြို့နယ်တို့တွင် ဇန်နဝါရီ ၉ ရက်(ယနေ့)တွင် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၄၁ မိနစ်က ကျောက်တန်းမြို့နယ်၊သီလဝါပြည်တွင်းစက်မှုဇုန်ရှိ စက်ရုံတစ်ခုရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့စခန်းများနှင့်လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

“မီးလောင်မှုဖြစ်တဲ့ စက်ရုံက ချည်လုံးစက်ရုံပါ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး Level 1 အဆင့်သတ်မှတ်ပြီးငြှိမ်းခဲ့ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီ ၈ မိနစ်၌ မီးထိန်းနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပြန်ခဲ့ကာ မီးငြိမ်းသွားသည့်အချိန်အား ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ထို့ပြင် နေ့လည် ၁ နာရီ ၃၄ မိနစ်ကလည်း မှော်ဘီမြို့နယ်၊ ညောင်တပင်ကျေးရွာအနီးတွင် ကွင်းမီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်း၊ ညောင်တပင်နယ်မြေမီးသတ်စခန်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here