တရုတ်နိုင်ငံ၏ တတိယမြောက် လူနေအထူထပ်ဆုံး ဟဲနန်ပြည်နယ်ရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းမှာ ကိုဗစ်ကူးစက်ခံနေရ

0
190

တရုတ်နိုင်ငံ၏ တတိယမြောက် လူဦးရေ အများဆုံး ပြည်နယ်ဖြစ်သော ဟဲနန်ရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးသည် ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံနေရကြောင်း ဒေသခံ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ပြည်နယ်တွင်း ကိုဗစ်ရောဂါ ကူးစက်နှုန်းသည် ၈၉ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်း အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျန်းမာရေးကော်မရှင်ညွှန်ကြားရေးမှုး ကန်ကွမ်ချန်က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဟဲနန်ပြည်နယ်တွင် လူဦးရေ ၉၉ ဒသမ ၄ သန်း နေထိုင်နေသဖြင့် အထက်ဖော်ပြပါ ကိန်းဂဏန်းအရ လူဦးရေ ၈၈ ဒသမ ၅ သန်းအထိ ကူးစက်ခံထားရပြီဖြစ်သည်။

ဆေးခန်းများသို့ လာရောက်ကုသသူမှာ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အများဆုံးဖြစ်ခဲ့ပြီး ထို့နောက် ဆေးလာကုသသူအရေအတွက်မှာ ဆက်တိုက်ကျဆင်းလာခဲ့ကြောင်း ကန်ကပြောသည်။

ထို့သို တစ်ခါမှ မကြုံဖူးသော ကူးစက်မှုများနှင့် ကြုံတွေ့နေရသော်လည်း တရုတ်အစိုးရသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် မကြာမီ ကျရောက်တော့မည့် တရုတ်နှစ်သစ်ကူးတွင်လည်း မြို့ကြီးများတွင် နေထိုင်သူများသည် သက်ကြီးရွယ်အိုများ နေထိုင်ကြရာ ကျေးလက်ဒေသများသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်သဖြင့် ကူးစက်ခံရသူဦးရေမှာ ပိုမိုများပြားလာမည်ဟု သိရသည်။

သို့ရာတွင် ဇန်နဝါရီလအထိ တရုတ်နိုင်ငံတွင် ကိုဗစ်ကြောင့် တရားဝင် သေဆုံးသူဦးရေမှာ ငါးထောင်ကျော်သာ ရှိနေပြီး ကမ္ဘာပေါ်တွင် ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း အနည်းဆုံး နိုင်ငံများစာရင်းထဲတွင် ပါဝင်နေသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here